Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit Media Khit Thit Media
2.13M subscribers
702,558 views
28K

 Published On Oct 19, 2024

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၉ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-တရုတ်-မြန်မာနယ်စပ်က ပန်ဝါမြို့ကို KIA - PDF ပူးပေါင်းတပ်တွေက ဒီကနေ့မနက်ပိုင်းမှာပဲ အပြီးသတ်သိမ်းပိုက်ပြီးပြီးချင်းပဲ တရုတ်ဘက်က KIA နယ်မြေ နဲ့ ဆက်စပ်ဂိတ်နေတဲ့ နယ်စပ်ဂိတ် တွေကို ရုတ်တရက် ပိတ်ချလိုက်ပြီး ၊ ထိုးစစ်တွေ ရပ်ဖို့ KIA ကို တရုတ်ဘက်က ဖိအားပေးနေ ပြန်တယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ကို အကြမ်းဖက် စစ်ကောင်စီက ဒီကနေ့ အောက်တိုဘာလ ၁၉ ရက်နေ့ မနက်ပိုင်းမှာလည်း တိုက်လေယာဉ်နဲ့လာပြီး ဗုံးကျဲတိုက်ခိုက်သွားပြန်တဲ့အတွက် ကလေးငယ် ၂ ဦးအပါအအဝင် အရပ်သားပြည်သူ ၃ ဦး သေဆုံးသွားခဲ့ရပြန်တယ်လို့ TNLA က တရားဝင် သတင်းထုတ်ပြန်ထားပါတယ်။

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက် လေးကေ့ကော်မြို့သစ်မှာရှိတဲ့ အကြမ်းဖက် စစ်ကောင်စီရဲ့ အ မြောက်တပ်စခန်းကို သိမ်းပိုက်တဲ့တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၄ ဦးကတော့ သေကုန်ကြတဲ့အပြင် ၊ ကစဉ့်ကလျားနဲ့ထွက်ပြေးသွားတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

show more

Share/Embed