စောဘွဲ့မှူး စိတ်ညစ်နေချိန်မှာ ကူညီခဲ့တဲ့အကြောင်းပြောပြလာတဲ့တေးရေးဇော်တင်
Z Media Z Media
15.5K subscribers
55,625 views
1K

 Published On Sep 21, 2020

အိမ်အတွက် ဈေးဖိုးမပေးနိုင်လို့ တေးရေး စောဘွဲ့မှူး စိတ်ညစ်နေချိန်မှာ တေးရေးခ ငွေ ၁၈၀၀ ရအောင် နှုတ်နဲ့ကူညီစောင်မခဲ့တဲ့အကြောင်း ပြောပြလာတဲ့ တေးရေး ဇော်တင် ----------------------------------------------------------------------------------------------------------------------------------

"အဲ့ဒီအချိန်တုန်းက ဘွဲ့မှူးက သားတွေ သမီးတွေ ရနေပြီ။ စတူဒီယိုလာရင် တစ်ခါတလေ မှိုင်နေတတ်တယ်။ "ဟေ့ကောင်..ဘွဲ့ကြီး ဘာဖြစ်တာလဲ" မေးရင် "အိမ်မှာ ဈေးဖိုး မပေးခဲ့ရလို့"တဲ့။ ဒါက ဘဝအမှန်တွေလေ။ ရှက်စရာမှ မလိုတာ။
တစ်နေ့ ကိုင်ဇာရဲ့ Selection အခွေထွက်တယ်။ အဲ့ဒီတုန်းက ကိုယ်တို့ သီချင်းတစ်ပုဒ်ရေးရင် ၆၀၀ ရတယ်။ ကိုယ့်သီချင်းတစ်ပုဒ်ပါတယ်။ အဲ့တော့ ကိုယ်က ပိုက်ဆံသွားတောင်းတယ်။ ဥသြမောင်မောင် ဆီကို။ သူက "ကျွန်တော်က မူပိုင်ဝယ်ထားတာ"လို့ ပြောလို့ ပြဿနာတက်သေးတယ်။ ပိုက်ဆံရလာတော့ ဘွဲ့မှူးကို ပြောပြပြီး သူ့ကို သူ့သီချင်း သုံးပုဒ်ပါတယ်၊ ပိုက်ဆံသွားထုတ် ပြောလိုက်လို့ ၁၈၀၀ ရလာခဲ့တယ်။ သူက "ကိုဇော်တင် ဘာစားမလဲ၊ ဘာလုပ်မလဲ" ပြောပေမယ့် သူ့အိမ်ကို အရင်သွားပေးခိုင်းရတယ်"- တေးရေး ဇော်တင်

(အင်္ဂလိပ်စာတန်းထိုးဖြင့် တင်ဆက်ထားပေးပါသည်)

“Zaw Tin” shared that he helped orally to “Saw Bwe Hmu”. To charge 1800 Kyats for composing lyrics for a song.
At that time when he come to studio, he seems so down.
I asked him, “Hey Bwe Gyi, what’s wrong with you?”
He answered that he couldn’t give money for daily needs.
It was like that.
It was real life. Nothing to get shameful about this.
One day, Kai Zar’s selection album was released.
At that time, we got 600 kyats for writing lyrics for a song.
One of the songs was written by me. So, I went to “Oak Aw Maung Maung” and charged for it.
He said, "I bought the copyright," and a few problems occurred.
After I got money, I told “Bwe Hmu” to charge for 3 of his songs and he got 1800 kyats. He asked me ‘Ko Zaw Tin what do you want to eat?’
But I asked him to go and pay his family first.

show more

Share/Embed