Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit Media Khit Thit Media
2.13M subscribers
761,792 views
29K

 Published On Oct 15, 2024

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၅ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လက်နက်ကိုင် တောင်းဆိုမှုတွေကို လိုက်လျော ဖြေရှင်း ပေးဖို့ မရှိဘဲ စစ်ကောင်စီဘက်က နိုင်ငံတစ်ဝန်း နှိမ်နင်းရေး တွေ ဆက်လုပ်မယ်ဆိုပြီး ဒီကနေ့အောက်တိုဘာလ ၁၅ ရက်နေ့မှာပဲ မင်းအောင်လှိုင်ကိုယ်တိုင် ကြေငြာပြောဆိုလိုက်ပြန်ပါတယ်။

စစ်ကိုင်းတိုင်းက ပင်လည်ဘူးမြို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တဲ့ အောင်ပွဲရ တော်လှန်ရေးရဲဘော်တွေ ကို NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်ကိုယ်တိုင် ကွင်းဆင်းတွေ့ဆုံခဲ့တယ်လို့ NUG အမျိုးသား ညီညွတ်ရေးအစိုးရက သတင်းထုတ်ပြန်ထားပါတယ်။

-တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်အတွင်းမှာ စစ်ကြောင်းထိုးနေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်သား တွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ၂ ရက်ဆက်တိုက် လိုက်လံတိုက်ခိုက်ခြေမှုန်းရာမှာ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

show more

Share/Embed