Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်
Khit Thit Media Khit Thit Media
2.13M subscribers
608,002 views
22K

 Published On Oct 17, 2024

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ အောက်တိုဘာ ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်က ဒဂုံဧရာအဝေးပြေးကားဝင်းမှာ စစ်မှုထမ်းဖို့အတွက်လို့ဆိုပြီး အမည်မသိအရပ်ဝတ်တွေနဲ့ လူအစုအဖွဲ့တစ်ခုက တစ်ရက်တည်း အမျိုးသား ၆၄ ဦးကို ပေါ်တာဆွဲ ဖမ်းဆီးခဲ့ သလို ရှမ်းပြည်နယ်အရှေ့ပိုင်းကို ခရီးသည်တင်လေယာဉ်နဲ့ ပို့ဖို့ပြင်ဆင်နေစဉ် တချို့ ထွက်ပြေးလွတ်မြောက် လာတယ်လို့ ထွက်ပြေးလွတ်မြောက်လာသူတချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။

ကချင်ပြည်နယ်၊ ပန်ဝါနဲ့ ကန်ပိုက်တီးဒေသက ချန်းယင်းခူးစစ်စခန်းနဲ့ BGF ၁၀၀၃ တပ်ရင်းရဲ့ ကာကင်း စခန်း ၂ ခုကို KIA က ထပ်မံသိမ်းပိုက်လိုက်ပြီး ပန်ဝါနယ်စပ်ကို စစ်ဘေးရှောင်လာတဲ့ ပြည်သူတွေကို တရုတ်ဘက်က ပေးမဝင်ဘဲ ပိတ်ဆို့ထားတယ်လို့ KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်မီဒီယာ ကို ပြောပါတယ်။

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်က အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေ စုရပ်နေရာကို တော်လှန်ရေး တပ်ဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့ရာ စစ်တပ်ဘက်က ထိခိုက်သေဆုံးမှုရှိတဲ့သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

show more

Share/Embed